"Message us"

စိတ်ထောင်း ကိုယ်ကြေဖြစ်နေပြီလား?

29 Jun, 2024

ဒီနေ့မှာတော့ TCA အနေနဲ့ ကိုယ့်စိတ်လေးက ပင်ပန်းနေပြီလားသိနိုင်အောင် မေးခွန်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

 ကျွန်တော်တို့တွေက နေ့စဥ်နဲ့အမျှ အလုပ်တွေလုပ်ကြရတဲ့အပြင် မိသားစုကိစ္စ၊ အိမ်ထောင်ရေးကိစ္စ စတဲ့ အမှုရေးရာတွေကို နေ့စဥ် ကိုင်တွယ်ဖြေရှင်းရပါတယ်။ ဒီလိုဖြေရှင်းဆောင်ရွက်ရတဲ့အခါ အဆင်ပြေတာတွေလဲရှိသလို မပြေတာတွေကလဲ ဒုနဲ့ဒေးပါပဲ။

 အဆင်မပြေမှုတွေများလာတဲ့အခါ စိတ်ပင်ပန်းမှုတွေကြုံလာနိုင်တာကြောင့် ဒီပင်ပန်းနေတဲ့စိတ်ကလေးကို ကုစားပေးဖို့လိုအပ်လာပါတယ်။

 တစ်ခါတစ်လေကြတော့ တစ်ချို့လူတွေက ကိုယ့်စိတ်ပင်ပန်းနေလားဆိုတာတောင် သတိမထားမိတဲ့လူတွေရှိပါတယ်။

 ဒီလိုသတိမထားမိပဲ အမှုမဲ့နေရင်းကနေ စိတ်ကျရောဂါ တွေစွဲလာတယ်၊ ဘာလုပ်လုပ် အဆင်မပြေမှုတွေကြုံလာရပါတယ်။

 ဒီလိုမျိုးမဖြစ်အောင် ကိုယ့် စိတ်အခြေအနေကို အကဲခတ်ခြင်းနဲ့ ဖြေရှင်းလို့ရပါတယ်။ ဒီလိုကိုယ့်စိတ်အခြေအနေကို ကိုယ်သိပြီဆို အချိန်မီကုစားမှုပြုလုပ်ပြီး စိတ်ကို လန်းဆန်းသွားအောင်လုပ်နိုင်မှာပါ။

 ဒီလိုဆန်းစစ်အကဲခတ်ဖို့ ကျွန်တော်တို့ TCA ကနေ မေးခွန်းလေးတွေ စီစဥ်ပေးထားပါတယ်။

 ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပြီးတော့ မိမိကိုယ်ကို အမှတ်ပေးကြည့်ပါ။ ရလာတဲ့ အမှတ်ပေါ်မှုတည်ပြီး ကိုယ့် စိတ်ကလေးရဲ့ အခြေအနေကိုအကဲခတ်ကြည့်ပါ။

 မေးခွန်းတစ်ခုခြင်းစီကို ၁ မှတ်သတ်မှတ်ထားပါတယ်။

ဒီစိတ်အခြေအနေတွေနဲ့ ကိုက်ညီနေတိုင်း ၁ မှတ်ပေးပြီး စုစုပေါင်းအမှတ်ကို ပြန်ကြည့်ကြည့်ပါ။

 အချက်များများ ကိုက်ညီနေပြီဆိုရင် မိတ်ဆွေရဲ့ စိတ် က ပင်ပန်းနေလှပါပြီ။

ဒါဆိုရင်တော့ မိတ်ဆွေရဲ့ စိတ်ကို အနားပေးပြီး ပြန်လည်လန်းဆန်းအောင်ပြုလုပ်သင့်ပါတယ်။ ဒါမှဟုတ် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့လဲ ကုစားမှုခံယူလို့ရပါတယ်။

 ဒါဆိုရင်ခုပဲ အမှတ်ပေးကြည့်ပါနော်။ ရမှတ်လေးတွေကိုလဲ comment မှာ မန့်သွားပေးပါဦးခင်ဗျာ။

"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ TCA နဲ့ ချိတ်ဆက်စို့”