"Message us"
03 Jul, 2024
Career Break နဲ့ပက်သက်တဲ့ Online Webinar လေးက လာမဲ့ 30.6.2024 တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည 7:30 မှာ ပြုလုပ်သွားမှာဖြစ်လို့ မပျက်မကွပ်လာရောက်ဖို့ ဖိတ်ခေါ် ပါရစေ။
ဒီစကားဝိုင်းလေးမှာ လာရောက်ဖို့ စာရင်းပေးထားတဲ့ လူကလဲ တစ်ရက်ထက်တစ်ရက် များလာတာမလို့ အတွေ့အကြုံကောင်းတွေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကိုလဲ သိခွင့်ရမှာအမှန်ပါ။
မိတ်ဆွေတို့က လုပ်ငန်းခွင်ရပ်နားထားပြီး ဘာလုပ်ရမလဲ မသိဖြစ်နေတာပဲဖြစ်ဖြစ်၊ နောက်ထပ် Career အသစ်တစ်ခု ပြောင်းဖို့ စဥ်းစားနေသူပဲဖြစ်ဖြစ်၊ လက်ရှိအလုပ်ကနေ ရပ်နားရမှာလဲစိုးရိမ် ဆက်လုပ်ဖို့ကလဲ စိတ်မပါဖြစ်နေတာပဲဖြစ်ဖြစ် စတဲ့ Career Break လုပ်တဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံ တွေအတွက် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ဆွေးနွေးသွားမှာပါ။
ဒီစကားဝိုင်းလေးကို ကျွန်တော်တို့ Talent Craft Academy မှ HR field မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့တဲ့ ဆရာမ မထက်ထက်လင်းကနေ ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းလေးမှာ ကို့လိုပဲ တွေ့ကြုံခံစားနေရတဲ့ သူတွေများစွာ ပါဝင်ဆွေးနွေးသွားမှာမလို့ မိတ်ဆွေတို့အတွက် သေချာပေါက်ကို လမ်းစတစ်ခုရသွားမှာပါ။
ဒါကြောင့် ခုပဲ Page Messenger ကနေတစ်ဆင့် စာရင်းပေးသွင်းလိုက်တော့နော်။
Webinar နဲ့ ပက်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကို အောက်က လင့်ခ်မှာ ဝင်ကြည့်လို့ရပါတယ်။
https://www.facebook.com/photo?fbid=122155493342180605&set=a.122138798030180605
ရည်မှန်းချက်အသစ် ဘဝအသစ်နဲ့ လမ်းသစ်မှာ ပျော်ရွှင်ပါစေလို့ TCA မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ TCA နဲ့ ချိတ်ဆက်စို့”